၇ ဖေဖော်ဝါရီ
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးချမ်းအစီအစဉ် ကြေညာချက် ကြောင့် ပါလက်စတိုင်းလူမျိုးနှင့် အစ္စရေးစစ်တပ်အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သည့်နှစ်ရက်အတွင်း ပါလက်စတိုင်းလေးဉီး သေဆုံးခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဝင် ၁၃ ဉီး ဒဏ်ရာရရှိခဲ့သည်။
အမေရိကန်သမ္မတ ထရန့်က ပြီးခဲ့သည့်အပတ်က အဆိုပါအစီအစဉ် ကြေညာပြီးနောက် ဆန္ဒပြမှုများ ပြုလုပ်ရန် ပါလက်စတိုင်းလူမျိုးတို့က တောင်းဆိုခဲ့ကြသည်။
အဆိုပါ အစီအစဉ်သည် ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်သည့် ပဋိပက္ခများကို အဆုံးသတ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းအမေရိကန်အစိုးရက ပြောကြားခဲ့သော်လည်း အစ္စရေးလိုလားသည်ဟုဆိုကာ ပါလက်စတိုင်းတို့က ပယ်ချခဲ့သည်။
ဗုဒ္ဓဟူးနေ့ညနေပိုင်းက အနောက်ဘက်ရှိ ဟေဗြုန်မြို့တွင် ပါလက်စတိုင်းလူမျိုးများသည် စုပေါင်းဆန္ဒပြခဲ့ကြသည်။
ဒါဇင်နှင့်ချီသည့် လူငယ်များသည့် အစ္စရေးစစ်တပ်ကို ဗုံးဖြင့် ပစ်ပေါက်ခဲ့ကြသည်။
အစ္စရေးတပ်ဖွဲ့များက ကျည်ဆံများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အသက်၁၇နှစ်အရွယ် လူငယ်တစ်ဉီးသည် ရင်ဘတ်တွင် သေနတ်ထိမှန် သေဆုံးခဲ့သည်။
ယမန်နေ့အစောပိုင်းက အစ္စရေးစစ်သားအုပ်စုတစ်စုအတွင်းသို့ ပါလက်စတိုင်းအမျိုးသားတစ်ဦး မောင်းနှင်သည်ဟုယူဆရသော မော်တော်ယာဉ်တစ်စင်းက ဝင်တိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၂ဉီး ဒဏ်ရာရရှိခဲ့သည်။
နှစ်ဖက်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တစ်နေ့ထဲမှာပင် နေရာသုံးခုတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ပါလက်စတိုင်းတပ်ဖွဲ့များသည့် အစ္စရေးစစ်တပ်အား ပစ်ခတ်ခဲ့သည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
အစ္စရေးကအနောက်ဘက်သို့ တပ်များထပ်မံပို့လွတ်နေလျက်ရှိပြီး ယနေ့တွင် ပြုလုပ်မည့် ဆုတောင်းပွဲနှင့် ထပ်မံပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


