၇ ဖေဖော်ဝါရီ

ကမ္ဘာတစ်ဝန်းမှလူငယ်စွန့်ဦးတီထွင်သူများသည် ၎င်းတို့၏နည်းပညာ ကို လက်တွေ့ပြသရန် မောင်းသူမဲ့လေယာဉ်ဆိုင်ရာ  အပြည်ပြည်ဆိုင်ရာ ဖိုရမ် ကို ရဝမ်ဒါနိုင်ငံတွင် ကျင်းပပြုလုပ်နေကြသည်။

နိုင်ငံပေါင်း ၄၀ ခန့်မှ လူ ၆၀ဝ ကျော်သည် အာဖရိကမောင်းသူမဲ့လေယာဉ် ဆိုင်ရာ ဖိုရမ်ကို တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဖိုရမ်ကို မြို့တော် ကီဂလီ တွင် ဗုဒ္ဓဟူးနေ့မှစတင်ကာ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။အာဖရိက နိုင်ငံသား ၃၀ ရာခိုင်နှုန်းသည် ကွန်ကရစ်ခင်းသောလမ်းမများကိုသာ အသုံးပြုကြသည် ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ 

မောင်းသူမဲ့လေယာဉ်ဆိုင်ရာ နည်းပညာသည် ဖွံ့ဖြိုးမှုမရှိသော အခြေခံအဆောက်အအုံဆိုင်ရာ အခက်အခဲများနှင့် စီးပွားရေးကြီးပွားတိုးတက်မှုအထောက်အကူပြုခြင်းတို့နှင့် ပတ်သက်ပြီး အောင်မြင်ရန် မျှော်လင့်ထားသည်။

ရဝမ်ဒါ သမ္မတ ပေါလ် ကာဂါမေး က  အာဖရိကမောင်းသူမဲ့လေယာဉ်ဆိုင်ရာဖိုရမ်သည်  စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲရန်ဖြစ်သည် ဟု ပြောကြားခဲ့သည်။

ထိုဖိုရမ်တွင် စိတ်ဝင်စားမှုရှိစေသည့် ခေါင်းစဉ်များမှာ ငှက်ဖျားရောဂါပျံ့နှံ့သည့်ခြင်များကို မောင်းသူမဲ့လေယာဉ်ဖြင့် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကာကွယ်ဆေးများပေးပို့ရန် မောင်းသူမဲ့လေယာဉ်များ အသုံးပြုခြင်းတို့ ပါဝင်သည်။

၎င်းဖိုရမ်တက်ရောက်သူများသည် လယ်ယာထွက်ကုန်မြင့်တက်ရေးအတွက် မောင်းသူမဲ့လေယာဉ်များ အသုံးပြုခြင်းနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို