၇ ဖေဖော်ဝါရီ

 

ဂျပန်ကားကုမ္ပဏီ တိုရိုတာက တရုတ်နိုင်ငံရှိ ကားထုတ်လုပ်ရေး စက်ရုံတွေကို ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ သီတင်းတစ်ပတ်တိုးပြီး ပိတ်ထားကြောင်း ဒီနေ့ကြေညာလိုက်ပါတယ်။

 

တိုရိုတာရဲ့ ပြောခွင့်ရသူက ဒေသပိုင်အစိုးရတွေ လမ်းညွှန်ချက်တွေအပါအဝင် တရုတ်နိုင်ငံတွင်းက အဖြစ်အပျက်တွေပေါ် အခြေခံပြီး တရုတ်နှစ်သစ်ကူးပိတ်ရက်ကို ဖေဖော်ဝါရီ ၉ ရက်နေ့အထိ တိုးမြှင့်ပိတ်ထားပေမယ့် အခုတော့ တရုတ်နိုင်ငံရှိ တိုရိုတာ စက်ရုံတွေကို ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် တရုတ်နိုင်ငံတွင်းမှာ သေဆုံးသူ ၆၃၃ ဦးရှိသွားပြီဖြစ်ပြီး တခြားနိုင်ငံတွေပါ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

 

ဥရောပကားကုမ္ပဏီ ဖိယက် ခရိုက်စလာ (Fiat Chrysler) ကားကုမ္ပဏီကလည်း ဥရောပမှာရှိတဲ့ ကားထုတ်လုပ်ရေးကို ရပ်တန့်ထားကြောင်း၊ တရုတ်နိုင်ငံကို တင်ပို့ရန် အဆင်မပြေတဲ့အတွက် ဖြစ်ကြောင်း  ကြာသပတေးနေ့က Financial Times ကို ပြောကြားပါတယ်။

 

အလားတူ တောင်ကိုရီးယားရဲ့ ဟွန်ဒိုင်းကားကုမ္ပဏီကလည်း ယူလ်ဆန် ရှိတဲ့ ကားထုတ်လုပ်ရေးဝင်းအတွင်းက  ထုတ်လုပ်မှုတွေကို ယာယီရပ်ဆိုင်းထားကြောင်း သိရပါတယ်။

MDN

ကိုးကား -AFP