မန္တလေး ၉ ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်မြောက်ဘက်အနီးတွင် ယနေ့ည ၈ နာရီက မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ၈ နာရီ ၁၅ မိနစ် အချိန်တွင် Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး ၈ နာရီ ၁၈ မိနစ် အချိန်တွင် Level 3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း ၊ ၈ နာရီ ၃၈ မိနစ်အချိန်တွင် Level 4 ယာဉ်အုပ်စုများ ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြောင်း ၊ ည ၈ နာရီ မိနစ် ၅၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဉီးစီးဌာနမှ နောက်ဆုံးရ သတင်းထုတ်ပြန်ချက်အရ သိရသည်။

MDN