၁၀ ဖေဖော်ဝါရီ

တရုတ်ပြည်မတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူဦးရေ ၉၀၀ ကျော်လွန်ခဲ့ပြီဖြစ်သည်။ ကူးစက်ရောဂါဖြစ်ပွားမှုကို ဟန့်တားရန်အတွက် စီးပွားရေးလုပ်ငန်းများကို ရပ်တန့်ထားခဲ့ပြီးနောက် ယနေ့တွင် စီးပွားရေးလုပ်များကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။


  
အဆိုပါ ရောဂါကူးစက်ခံမှု၏ အဓိကနေရာဖြစ်သည့်  ဟူဘေးပြည်နယ်တွင် သေဆုံးသူဉီးရေ ၉၀ ရှိပြီး၊ ရောဂါကူးစက်ခံရမှုပေါင်း ၂၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး  ပြည်မကြီးတွင်  ၉၁၀ ခန့်နှင့် စုစုပေါင်း ကူးစက်ခံရသူ ၄၀၀၀၀ ကျော်ထိရှိကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။

 

iii2


 
ဟူဘေးပြည်နယ်၏ မြို့တော်ဖြစ်သည့် ဝူဟန်တွင် စတင်တွေ့ရှိခဲ့သည် ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၀၂-၂၀၀၃ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ဆားရောဂါထက် လူပေါင်းများစွာ သေဆုံးခဲ့သည်။ 

 

အဆိုပါ ကူးစက်ရောဂါကြောင့် ဖျားနာသူ  ၈၀၉၈ ဦးရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူဦးရေမှာ ၇၇၄ ဦး ထိရှိပြီဖြစ်သည်။

 

သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူဦးရေမှာ နှစ်ရာခိုင်နှုန်းသာရှိပြီး ဆားရောဂါထက် ၁၀ ရာခိုင်နှုန်း လျော့နည်းခဲ့သည်ဟု ဆိုသည်။

 

iii3

 

ယနေ့တွင် တရုတ်နိုင်ငံရှိ နေရာတိုင်းတွင် နှစ်သစ်ကူးကာလပြီးဆုံးပြီဖြစ်၍ ပိတ်ထားသည့် ကုမ္ပဏီများနှင့် စတိုးဆိုင် အမြောက်အများ၏ လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိခြင်းကြောင့် အခြားသူများနှင့် အဆက်အသွယ်များ ပိုမိုရှိလာနိုင်ပြီး ရောဂါကူးစက်ခံရသူများ ပိုများပြားလာမည်ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။

 

တရုတ်နိုင်ငံ၏ နှစ်သစ်ကူးအားလပ်ရက်များသည် ဇန်နဝါရီ ၂၄ ရက်နေ့တွင် စတင်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အရေအတွက် တိုးပွားလာသည်နှင့်အမျှ နှစ်သစ်ကူးအားလပ်ရက်များကို ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ တိုးချဲ့မည်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။ 

 

iii4

 

ဒေသန္တရအစိုးရများ၏ မေတ္တာရပ်ခံချက်အရ စီးပွားရေးလုပ်ငန်းအများစုက ပြီးခဲ့သည့်အပတ်အထိ ပိတ်ထားခဲ့သည်။

 

ကိုးကား-ကျိုဒို


ဘာသာပြန်-မေဇော်ထက်