၁၀ ဖေဖော်ဝါရီ

အီဂျစ်နိုင်ငံမြောက်ပိုင်း ဆိုင်းနိုင်းပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တစ်ခု ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား ၁၀ ဦး သေဆုံးသွားခဲ့သည်ဟု အီဂျစ်စစ်တပ်က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

အကြမ်းဖက်သမား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဆိုင်းနိုင်းပြည်နယ်ရှိ လုံခြုံရေးဂိတ်တစ်ခုကို အီဂျစ်စစ်တပ်က ထိန်းသိမ်းခဲ့ကြောင်းနှင့်ယင်းတိုက်ခိုက်မှုကြောင့် တာဝန်ရှိသူနှစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်ခုနစ်ဦး ထိခိုက်မှုနှင့်သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း အီဂျစ်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တာမာအယ်လ်ရီဖီ က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုဖြစ်ပွားရာနေရာရှိ အကြမ်းဖက်သမားများကို ရှာဖွေရန် စစ်ဆင်ရေးတစ်ခုစတင် လုပ်ဆောင်ခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ မောင်းနှင်လာသော လေးဘီးကား ပျက်စီးသွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီဂျစ်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် သမ္မတဟောင်း မိုဟာမက်မော်စီကို ဖြုတ်ချပြီးချိန်မှစတင်ကာ အရပ်သားများ၊ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရာနှင့်ချီသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်မှုလှိုင်းများကို ဆန့်ကျင်တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအများစုသည် အစ္စလာ့မ္မစ်နိုင်ငံတော် အပေါ်သစ္စာခံသော ဆိုင်းနိုင်းအခြေစိုက် အကြမ်းဖက်အုပ်စုတစ်စု၏တိုက်ခိုက်မှုများ ဖြစ်သည်ဟု အခိုင်အမာပြောဆိုသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို