၁၀ ဖေဖော်ဝါရီ

ဥရောပ အနောက်မြောက်ပိုင်း တစ်ကြောမှာ သွားလာမယ့် လေကြောင်း၊ ရေကြောင်းနဲ့ မီးရထားခရီးစဉ်တွေ အားလုံးဟာ စီယာရာမုန်တိုင်းကြောင့် ဖျက်သိမ်းထားကြောင်းသိရပါတယ်။

 

011


 
ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေမှာ မနေ့ကစပြီး မုန်တိုင်းဝင်တိုက်ခတ်တဲ့အတွက် ထောင်ချီတဲ့အိမ်တွေမှာ လျှပ်စစ်ဓါတ်အားတွေ ပျက်တောက်ကုန်သလို ဗြိတိန်နိုင်ငံ မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။ မိုးလေဝသဌာနက စီယာရာမုန်တိုင်းကြောင်း လေပြင်းတိုက်ခိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း နဲ့ နှင်းကျခြင်းတွေပါ ကြုံရနိုင်သေးကြောင်း သတိပေးထားပါတယ်။ 

 

012

 

ဗြိတိန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်းကို မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စီယာရာ မုန်တိုင်းဟာတစ်နာရီကို ၁၅၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း၊ မိုးရေချိန်က ၁၅၀ မီလီမီတာအထိ ၂၄ နာရီအတွင်းရွာသွန်းခဲ့ကြောင်း သိရပါတယ်။ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားဖို့ရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ မန်စီးတီးနဲ့ ဝက်စဟမ်း ပွဲကိုလည်း ဖျက်လိုက်ရပါတယ်။ မုန်တိုင်းကြောင့် အိမ်ခြေ ၆၂,၀၀၀  လျှပ်စစ်ဓါတ်အားပျက်တောက်နေကြောင်း စွမ်းအင်နက်ဝက်အဖွဲ့က ပြောပါတယ်။ 

 

013

 

အိုင်ယာလန်နိုင်ငံမှာတော့ ကမ်းရိုးတန်းဒေသရှိ အိမ်ခြေ ၁၀,၀၀၀ လောက်မှာ လျှပ်စစ်ဓါတ်အားပျက်တောက်သလို အဲဒီဒေသကို အဝါရောင်အဆင့် သတ်မှတ်ပြီး သတိပေးထားကြောင်း သိရပါတယ်။ 

 

014

 

ဘယ်လဂျီယံနိုင်ငံမှာလည်း သတိပေးတဲ့ အဝါရောင်အဆင့် သတ်မှတ်ထားပြီး လေယာဉ်ခရီးစဉ် ၆၀ လောက် ဖျက်သိမ်းထားပါတယ်။ 

 

015

 

ဂျာမနီနိုင်ငံမှာ အမ်စတာဒန် နဲ့ ဘာလင်ကို ပြေးဆွဲတဲ့ ရထားခရီးစဉ်တွေဖျက်သိမ်းထားပါတယ်။ 

MDN
ကိုးကား -AFP