၁၀ ဖေဖော်ဝါရီ
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘော်လ်ပြည်နယ် ဘော်လ်ခရိုင်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့သဖြင့် စစ်သွေးကြွ ၃၅ ဦး သေဆုံးခဲ့ကြောင်း ယနေ့ စစ်ဘက်ဆိုင်ရာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ညနှောင်းပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ ယခုချိန်ထိ စစ်သွေးကြွ ၃၅ ဦး သေဆုံးခဲ့ပြီး အခြားငါးဦး ဖမ်းဆီးမိခဲ့သည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။
အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်းမရှိကြောင်းနှင့် ဘော်လ်ခရိုင်နှင့် ၎င်းအနီးတစ်ဝိုက်ရှိ စစ်သွေးကြွများကို ဖယ်ရှားပြီးသည်အထိ ထိုစစ်ဆင်ရေးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။
ဘော်လ်ပြည်နယ်တွင် တက်ကြွစွာလှုပ်ရှားနေသော စစ်သွေးကြွများကမူ ၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခြင်းမရှိခဲ့ပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


