နေပြည်တော် ၁၀ ဖေဖော်ဝါရီ

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (ဝ၇)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၈)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံ ပြည်တွင်း (စေတုတ္တရာမြို့၏ အနောက်ဘက် (၂၆)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၈၆) ဒီဂရီ၊ အနက် (၁၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

MDN