၁၁ ဖေဖော်ဝါရီ

 

ဂျပန်နိုင်ငံသား နှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိကြောင်း ကနဦးဆေးစစ်ချက်အရ သိရပေမယ့် အခုတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေကြောင်း ရောဂါလက္ခဏာ တွေ့ရှိခဲ့ဖြစ်ပါတယ်။

 

အဆိုပါ အမျိုးသားနှစ်ဦးဟာ တရုတ်နိုင်ငံကနေ ဂျပန်နိုင်ငံကို ပြန်ခေါ်ယူခဲ့သူတွေဖြစ်ပြီး တစ်ဦးမှာ အသက် ၅၀ အရွယ်ဖြစ်ပြီး နောက်တစ်ဦးမှာ အသက် ၄၀ အရွယ်ဖြစ်ကြောင်း သိရပါတယ်။

 

အဲဒီနှစ်ဦးလုံးဟာ ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess သင်္ဘောနဲ့လည်း ဆက်စပ်မှုမရှိကြောင်း သိရပါတယ်။

 

Diamond Princess သင်္ဘောပေါ်မှာ လူပေါင်း ၁၃၅ ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း တွေ့ရှိပါတယ်။ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံ ရသူပေါင်း ၁၆၃ ဦးရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

 

MDN
ကိုးကား- CNN