နေပြည်တော် ၁၁ ဖေဖော်ဝါရီ
သစ်တောဦးစီးဌာနမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက်အထိ တရားမဝင်သစ်များ ရှာဖွေဖမ်းဆီးခဲ့ရာ တောင်ငူမြို့နယ်၊ သက္ကယ်ကျင်း ကျေးရွာအနီး၌ တရားမဝင် ကျွန်း/ သင်္ဂဒူ/ သစ်ကဇော်/ ဒွနီသစ် (၁၁ ဒသမ ၂၂၈)တန်၊ သာပေါင်းမြို့နယ်၊ သမင်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းချောင်းတွင် တရားမဝင်တောင် သရက်ခွဲသား (၃၅ ဒသမ ၅၀၈၅)တန်နှင့် စက်လှေ(၂)စီးအား ရေဦး-ကလေးကားလမ်း မိုင်တိုင်အမှတ် (၁၀၁)မိုင်အနီးနေရာ၌ တိမ်းမှောက်နေသော မော်တော်ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၈ ဒသမ ၄၈၄၆)တန်၊ တောင်တွင်းကြီးမြို့နယ်၊ ဆင်ကျကျေးရွာ၏ အရှေ့ဘက် (၂)မိုင်ခန့်အကွာနေရာ၌ တရားမဝင် ပျဉ်းကတိုး/ ထောက်ကြံ့/ ကြို့/ ဒီးဒူး/ ချဉ်ယုတ်/ အင်သစ်/ ခွဲသား (၉ ဒသမ ၅၉၁၂)တန်၊ ဂျင်ဒေါင်း (၂၅)ကောင်အင်ဂျင် (၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများ၊ အောင်လံမြို့နယ်၊ ထမကန်ကျေးရွာ အရှေ့ဘက်(၄)မိုင်ခန့်အ ကွာနေရာ၌ လွှဝိုင်းမပါသစ်စက်(၁)လုံးနှင့် တရားမဝင် ကျွန်း/ ပျဉ်းကတိုးခွဲသား (၂၇ ဒသမ ၈၅၇၆)တန်၊ မလွန်-မင်းလှကားလမ်း၊ မိုင်တိုင်အမှတ် (၆/၅)နေရာ၌ မော်တော်ယာဉ်မှတ် (6N/8129) TOYOTA HIACE ယာဉ်အား စစ်ဆေးရာ တရားမဝင်ပိတောက်ခွဲသား (၁ ဒသမ ၈၃၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နေပြည်တော်-မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ် (၂၅၉/၀)အနီးတွင် ယာဉ်ပေါ်မှ တရားမဝင် ထောက်ကြံ့/ သန်း/ ခူသန်/ လိန်/ ရုံး/ တောင်မကျီး/ ယင်းမာသစ် (၃ ဒသမ ၁၃)တန်အား တရားခံ(၂)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပင်တိန်အုပ်စု၊ ဇီးပင်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၉၂/၁) နှင့် (၉၂/၂)ကြားနေရာနှင့် အိုရီယမ်တယ် တိုးဂိတ်အနီးနေရာတို့၌ တရားမဝင် ပိတောက်ခွဲသား (၂၃ ဒသမ ၃၅၈၈)တန်အား တရားခံ(၁)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း (နေပြည်တော်)


