ပေကျင်း ၁၂ ဖေဖော်ဝါရီ
တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေရာ ဖေဖော်ဝါရီ ၁၁ ရက်တွင် သေဆုံး သူ ၁၀၀၀ ကျော်သွားပြီဖြစ်ကြောင်း သိရသည်။
သေဆုံးသတင်းများပေါ်ထွက်
တရုတ်သမ္မတရှီကျင့်ဖျင်သည် ပေကျင်းမြို့ရှိ ဆေးရုံတစ်ရုံသို့ လာရောက်ခဲ့ပြီး ဆေးဝန်ထမ်းများနှင့် လူနာများအား တွေ့ဆုံအားပေး ခဲ့ပြီးနောက်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာသည့် သတင်းများထပ်မံပေါ်ထွက်လာခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ဦးဆောင်သည့် နိုင်ငံတကာမစ်ရှင် အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခက်ခက်ခဲခဲကြိုးပမ်းနေရသည့် တရုတ်နိုင်ငံသို့ရောက်ရှိလာခဲ့သည်။
နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် မှာ ၄၂၀၀၀ အထိရှိလာပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံသို့လည်း ပျံ့နှံ့ရောက်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၁၁ ရက်က ဗိုင်းရပ်စ်ကြောင့် လူနာ ၁၀၈ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ကူးစက်မှုမြင့်တက်
ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းမှ စတင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် နေ့စဉ်နှင့်အမျှ မြင့်တက်လာခဲ့ရာ ယခုအခါ သုံးဆခန့်မြင့်တက်သွားခဲ့ပြီဖြစ်သည်။
ပြည်ပ၌ဖြစ်ပွားသည့် ဗိုင်းရပ်စ်ကူးစက်မှုတွင် ဗိုင်းရပ်စ်စတင်ပျံ့နှံ့ရာ ဗဟိုချက်မဖြစ်သည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ ပြန်လာသူများလည်း ပါဝင်ခဲ့သည်။
အေအက်ဖ်ပီ


