၁၂ ဖေဖော်ဝါရီ

 

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီဉီးဆောင်သည့် အာဏာရပါတီသည် အဓိကကျသည့် ပြည်နယ်ရွေးကောက်ပွဲတွင် ဒေသဆိုင်ရာ ပါတီကြီးတစ်ခုအား  အကြီးအကျယ်ရှုံးနိမ့်ခဲ့သည်။

 

9

 

ရွေးကောက်ပွဲကို နယူးဒေလီတွင် စနေ့နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ရလဒ်ကို ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

 

အမတ်နေရာ ၇၀ ရှိသည့်အနက် ၆၂ နေရာကို Aam Aadmi ပါတီက အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ 

 

မိုဒီ၏ Bharatiya Janata ပါတီသည် ရှစ်နေရာသာ ရှိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် အမတ်နေရာငါးနေရာ ထပ်ရရှိခဲ့သည်။

 

အခြားပါတီခေါင်းဆောင်များဖြစ်သည့် BJP အဖွဲ့ဝင်များသည် ရွေးကောက်ပွဲမတိုင်မီ ပြင်းပြင်းထန်ထန် စည်းရုံးရေးများ ပြုလုပ်နေသော်လည်း မိုဒီမှာ မဲဆွယ်မှု မပြုလုပ်ခဲ့ပေ။

 

56

 

ပြီးခဲ့သည့်မေလအတွင်းက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် BJP သည်အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း

 

အဆိုပါ ရွေးကောက်ပွဲတွင်လည်း မိုဒီ၏ ပါတီသည် ပြည်နယ်၏ နေရာများကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။

 

တိုင်းပြည်၏ စီးပွားရေး တိုးတက်မှုမှာလည်း နှေးကွေးလာခဲ့သည်ဟု ဆိုသည်။    

 

ထို့အပြင် မိုဒီအစိုးရကိုဝေဖန်မှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်လာခဲ့ပြီး  ဝေဖန်သူများက ဟိန္ဒူအမျိုးသားရေးပါတီသည် လူနည်းစု အစ္စလာမ်ဘာသာဝင်များအပေါ်  အပေါ်ခွဲခြားဆက်ဆံသည့် မူဝါဒများ ချမှတ်နေသည်ဟု စွပ်စွဲခဲ့ကြသည်။ 

 

ပြည်တွင်းမီဒီယာများအဆိုအရ အဆိုပါ အချက်များသည် ရှုံးနိမ့်မှုကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်