၁၂ ဖေဖော်ဝါရီ

 

တောင်ကိုရီးယားနိုင်ငံ၏ ယခုနှစ် ဇန်နဝါရီလ အလုပ်အကိုင် တိုးတက်မှုနှုန်းသည် ၆၅ လတွင် အမြင့်မားဆုံးဖြစ်လာကြောင်း စာရင်းအင်းရုံး အချက်အလက်များက ယနေ့ ပြသထားသည်။

 

၂၀၁၀ ခုနှစ် ပထမလတွင် အလုပ်လုပ်ကိုင်သူဦးရေ ၂၆ ဒသမ ၈ သန်းရှိရာ ယခင်နှစ်ကထက် ၅၆၈၀၀၀ ဦးရေအထိ များပြားလာကြောင်း ကိုရီးယားစာရင်းအင်းအချက်အလက်များ အရ သိရသည်။

 

အဆိုပါ အလုပ်အကိုင်တိုးတက်မှုနှုန်းသည် ၂၀၁၄ ခုနှစ် ဩဂုတ်လမှစတင်ကာ ၆၅ လ အတွင်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။

 

အလုပ်လက်မဲ့နှုန်းသည် ဇန်နဝါရီလတွင် ၄ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ကထက် သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ပြီးခဲ့သည့် လ အလုပ်လက်မဲ့ဦးရေသည် ၁၁၅၃၀၀ ရှိပြီး ပြီးခဲ့သည့်နှစ်ကထက် ဦးရေ ၇၁၀၀၀ ကျဆင်းခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို