နေပြည်တော် ၁၂ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မယ်တော်စုကျေးရွာနေ ဦးဇော်ဝမ်း (၄၇)နှစ်သည် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီက နေအိမ်၌ ၎င်း၏ဇနီး ဒေါ်တော(၄၆)နှစ်နှင့် စကားများရန်ဖြစ်စဉ် ဦးဇော်ဝင်းမှ လေးခွဖြင့်ပစ်၍ ဒေါ်တောမှ ဓားမဖြင့်ပြန်ခုတ်ရာ ဦးဇော်ဝမ်းမှာ ဒဏ်ရာများရရှိကာ သေဆုံးသွားသဖြင့် ဒေါ်တောအား မြစ်ငယ်နယ်နေမြရဲစခန်း (ပ)၅၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


