မန္တလေး ၁၃ ဖေဖော်ဝါရီ

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဂေါဝန်ရပ်၊ စိန်ပန်းရပ်ကွက် ကမ်းနားလမ်းရှိ စည်ပင် သန့်ရှင်းရေးဝန်ထမ်း လိုင်ခန်းတွင် ယနေ့ နံနက် ၇ နာရီ ၂၂ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦး သေဆုံးခဲ့သည်။

 

6325

 

ဖြစ်စဉ်မှာ အသက် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦး ထင်းမီးဖြင့် ထမင်းအိုးတည်ရာမှ အနီးရှိ ထရံသို့ ကူးစက်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

6322

 

မီးလောင်မှုကြောင့် စည်ပင် သန့်ရှင်းရေးဝန်ထမ်း လိုင်ခန်း ၈ ပေ × ၁၅ ပေ သွပ်မိုးထရံကာ မြေစိုက် ၁၀ လုံးနှင့် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့သည်။

 

210

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ Level 2 အဆင့်သတ်မှတ်ကာ မီးသတ်ယာဉ် ၂၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ ရေသည်ယာဉ် ၅ စီး၊ သန္ဓေ ၅၀ ဦး၊ အရံ ၁၀ဝ ဦးဖြင့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် ၇ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

တင်ဇာလှိုင်

 

3