၁၃ ဖေဖော်ဝါရီ
ပြီးခဲ့သည့်နှစ်က ဂျပန်ကုပ္မဏီကို တိုက်ခိုက်ခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုသည် တရုတ်နိုင်ငံရှိ ၎င်း၏ ဆာဗာတစ်ခုမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း မစ်ဆူဘီရှီ လျှပ်စစ်ကုမ္ပဏီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် မတ်လက တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံနှင့် ပြင်ပရှိ ကွန်ပျူတာများနှင့် ချိတ်ဆက်ထားသည့် ဆာဗာ ၁၃၂ ခုကို ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက ပြောကြားခဲ့သည်။
ထိုစက်ကိုးလုံးတွင် ဖောက်သည်များ၏ ကိုယ်ရေးအချက်အလက်များပါဝင်နေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လူပေါင်း ၈၀ဝ၀ ကျော်၏ ကိုယ်ရေးအချက်အလက်များအပြင် ကာကွယ်ရေးပစ္စည်းကိရိယာများ နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ထိခိုက်စေနိုင်ကြောင်း မစ်ဆူဘီရှီကုမ္ပဏီက ထပ်မံပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အား၊ မီးရထားလမ်းနှင့်အခြားအရေးပါသော အခြေခံအဆောက်အအုံများနှင့် ပတ်သက်၍ ထိခိုက်လွယ်သည့် အချက်အလက်များကို ချိုးဖောက်ခြင်းမရှိခဲ့ကြောင်း ၎င်းကုမ္ပဏီက ထပ်လောင်းအတည်ပြုခဲ့ပြောကြားခဲ့သည်။
ဖောက်သည်များ၏ အဓိက သတင်းအချက်အလက်များကိုလည်း ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုအတွက် သံသယရှိသူများကို ကုမ္ပဏီကဖော်ထုတ်နိုင်ခြင်း မရှိသေးဟု ဆိုသည်။
အဆိုပါ အဖြစ်အပျက်အတွက် ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုသည်။
ကာကွယ်ရေးနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဟက်ကာများက ရရှိခဲ့သည့်အတွက် စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


