၁၃ ဖေဖော်ဝါရီ

 

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာ၏မြောက်ဘက်တွင် ယမန်နေ့က အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းပျက်ကျခဲ့သဖြင့် လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားလေကြောင်းအေဂျင်စီ က ပြောကြားခဲ့သည်။

 

အဆိုပါ လေယာဉ်သည် မြေပြင်မှပျံတက်ပြီးမကြာမီ ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု ထိုအေဂျင်စီ က ပြောကြားခဲ့သည်။

 

၎င်းလေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စီရင်ချက်ချရန် စုံစမ်းစစ်ဆေးအဖွဲ့တစ်ဖွဲ့ကို ထိုနေရာသို့ စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို