ဒီပဲယင်း ၁၃ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် တောလယ်ကျေးရွာ၌ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွား၍ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု တောလယ်ကျေးရွာ၌ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က မီးလောင်နေကြောင်း သတင်းအရ ဒီပဲယင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းလင်းအောင် ဦးဆောင်၍ စိုင်ပြင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅) ဦး၊ ရဲတပ်ဖွဲ့ဝင် (၅) ဦး၊ ကျေးရွာနေ ပြည်သူ (၂၅) တို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ အိမ်ရှင် ဦးနိုင်လင်း၏ နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ထရံသို့ မီးကူးစက်၍ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် အိမ်ရှင် ဦးနိုင်လင်း ၏ ထရံကာ သွပ်မိုး မြေစိုက် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒီပဲယင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)


