၁၃ ဖေဖော်ဝါရီ
အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဒေးကူဒီ ပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် တောင်ပေါ်မှနှင်းထု ပြိုကျမှုကြောင့် မိသားစုဝင် လေးဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိကာ အခြား နှစ်ဦး ပျောက်ဆုံးနေကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ယနေ့ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်သည် ဝေးလံသော မီရာမာ ခရိုင် ဟတ်ဆာ ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့နှောင်းပိုင်းက ထိုတောင်ပေါ်မှနှင်းထုပြိုကျမှုကြောင့် နေအိမ် ပိမိကာ မိသားစုဝင်ခုနစ်ဦး ထိခိုက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဆာကီနာ က သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုနေ့မှာပင် ဒေးကူဒီ နှင့် အနီးနားရှိ ဘမ်ယန် ပြည်နယ်တို့အကြား အစွန်အဖျားဒေသတစ်ခုတွင်လည်း တောင်ပေါ်မှနှင်းထုပြိုကျမှုကြောင့် သိုးကောင်ရေ ၆၀ ကျော် ပိမိကာ သိုးထိန်းတစ်ဦးသေဆုံးခဲ့ကြောင်း ဆာကီနာ၏ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်က အာဖဂန်ပြည်နယ်အများစုတွင် ဆီးနှင်းများ ကျဆင်းခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ အဆက်မပြတ်ဖြစ်ပေါ်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


