နေပြည်တော် ၁၃ ဖေဖော်ဝါရီ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၉၉ ဒသမ ၂၁၇၈) တန်၊ သစ်မာ (၁၅၁ ဒသမ ၅၂၀ဝ)တန်၊ အခြား(၃၀၈ ဒသမ ဝ၇၆၆)တန်၊ စုစုပေါင်း(၆၅၈ဒသမ ၈၁၄၄)တန်၊ တရားခံ (၄၃)ဦး၊ ယာဉ်/ယန္တရား(၃၉)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း (နေပြည်တော်)

 

mdn