သာပေါင်း ၁၃ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ရွှေညောင်ပင်ကျေးရွာအုပ်စု၊ စစ်စင်ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားရာ နေအိမ်နှစ်လုံး ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့်က စစ်စင်ကျေးရွာနေ ဒေါ်အေးအေးမြင့် (၃၇)နှစ် နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းပြီး အနီးရှိ နေအိမ်နှစ်လုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများနှင့် ကျေးရွာပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၄၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် သာပေါင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)


