၁၄ ဖေဖော်ဝါရီ

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဘေကျင်းရဲ့ ကိုဗစ်19 ဗိုင်းရပ်အား ကိုင်တွယ်ပုံကို ယုံကြည်အားရတယ်လို့ပြောပေမယ့် အိမ်ဖြူတော်ကတော့ တရုတ်နိုင်ငံက ကိုဗစ်19 ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး ပွင့်လင်းမှုမရှိတာကို စိတ်ပျက်ကြောင်း ကြာသပတေးနေ့က ပြောကြားပါတယ်။

 

အမေရိကန်အမျိုးသားစီးပွားရေးကောင်စီရဲ့ ဒါရိုက်တာ လယ်ရီ ကုဒ်လိုးက တရုတ်နိုင်ငံက ဗိုင်းရပ်စ်ပိုးပျံ့ပွားမှု တားဆီးရေးအတွက် အမေရိကန်နိုင်ငံကို ဖိတ်ခေါ်ခြင်းမရှိသလို ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် စိတ်ပျက်မိကြောင်း၊အမေရိကန်အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့အတူ လက်တွဲ အလုပ်လုပ်ခြင်ကြောင်း၊ သူတို့ရဲ့ ကိုင်တွယ်မှုကိုနားမလည်ကြောင်း၊ ဟိုမှာ လူတွေ ခံစားနေတာကိုတော့ သူ့အနေနဲ့ သိကြောင်း သတင်းထောက်တွေကို ပြောကြားပါတယ်။

 

တရုတ်နိုင်ငံမှာ ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံး ၁၃၈၀ ဦး၊ ကူးစက်ခံရသူ ၆၃,၈၅၁ ဦးရှိကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

 

MDN

ကိုးကား- AFP