နေပြည်တော် ၁၇ ဖေဖော်ဝါရီ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီခွဲက လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ၊ အိုရီယမ်တယ်တိုးဂိတ် အနီးတွင် ချမ်းကိုလွင်(ခ)ဖိုးချမ်း မောင်းနှင်ပြီး မနေနွယ်ဦးနှင့် အောင်မင်းစိုး(ခ)လူသစ် တို့လိုက်ပါလာသည့် AD Van မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,ဝ၀၁ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။
အလားတူ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ပိတောက်(၉) လမ်းတွင် လမ်းလျှောက်လာသူ လီထူအားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ မိုးမိတ် - မဘိမ်းသွားကားလမ်း၊ မြစ်ဆုံကူးတို့ဆိပ်အနီးတွင် နေမျိုးဦး(ခ)အားတက် မောင်းနှင်ပြီး ထိုက်ကြည်(ခ)ထိုက်ကျီ။ ချုံဟွေ့(ခ)အားတီတို့ လိုက်ပါလာသည့် TOYOTA HILUX REVO မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၁၂၂၉၁ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀,ဝ၀ဝ ၊ ဘိန်းဖြူ ၃ ဒသမ ၃ ကီလို၊ ဘိန်းစိမ်း ၈ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုသိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
(ရဲပြန်ကြား)


