ဟိုင်းကြီးကျွန်း   ၁၈   ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပမ္မဝတီလမ်းတွင် ယနေ့နံနက် ၃ နာရီခွဲခန့်က ငါး၊ ပုဇွန် အရောင်းအဝယ်ပြုလုပ်သည့် အဆောက်အဦနှင့် ပစ္စည်းသိုလှောင်ရုံ(၁)ခု မီးလောင်ကျွမ်းခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။

 

63

 

မီးစတင်လောင်ကျွမ်းနေပြီ ဖြစ်ကြောင်းသိရှိရသည်နှင့် တစ်ပြိုင်နက် ဒေသခံပြည်သူများ၊ ဟိုင်းကြီး ကျွန်းမြို့ မီသတ်ဦးစီးဌာနနှင့် ပမ္မဝတီရေတပ်စခန်းဌာနချုပ် မီးသတ်ရေယာဉ်တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ နံနက် ၄ နာရီ မိနစ် ၄၀ တွင်  မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

 

6

 

မီးလောင်ကျွမ်းခဲ့သည့် အလုပ်ရုံ(၃)ခုမှာ ဒေသခံ ဦးသက်လွင်၏ အလုပ်ရုံဖြစ်ပြီး မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်းနှင့် မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို စစ်ဆေးဆောင်ရွက်နေကြောင်း ကနဦးသတင်းများအရ သိရှိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)

 

520