၁၈ ဖေဖော်ဝါရီ

 

ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess သင်္ဘောပေါ်မှာ လိုက်ပါသူ အားလုံးကို သီတင်းနှစ်ပတ်တိတိ သီးသန့်ခွဲခြားတာပြီးဆုံးသလို ကိုဗစ် 19  ဗိုင်းရပ်စ်ပိုး စစ်ဆေးပြီးစီးပြီလည်း ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေကလည်း သူတို့နိုင်ငံသားတွေကို  စတင်လာရောက်ခေါ်ဆောင်ပြီလည်း ဖြစ်ပါတယ်။

 

569

 

Diamond Princess သင်္ဘောပေါ်မှာ လိုက်ပါသူထဲမှ လူပေါင်း ၄၅၅ ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း သိရပါတယ်။ ဂျပန်ကျန်းမာရေးဝန်ကြီးက ဗိုင်းရပ်စ်ပိုးမတွေ့ရှိသူတွေကို ဗုဒ္ဓဟူးနေ့မှာ သင်္ဘောပေါ်ကနေ ဆင်းခွင့်ပေးမယ်။ တချို့ရဲ့ အဖြေက ထွက်ပြီးဖြစ်တယ်။ အဲဒီလူတွေကို ကုန်းပေါ်ကို ဖေဖော်ဝါရီ ၁၉ ရက်မှာ ဆင်းခွင့်ပေးမယ်။ အဲဒီလိုလုပ်ဆောင်ရန်အတွက် နှစ်ရက်သုံးရက်ကြာနိုင်တယ်လို့ သတင်းထောက်တွေ ကိုပြောပါတယ်။

 

သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဟောင်ကောင်၊ တောင်ကိုရီးယားနိုင်ငံတွေက သူတို့နိုင်ငံသားတွေကို လာရောက်ခေါ်ဆောင်မယ်လို့ပြောပါတယ်။ သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ အမေရိကန်နိုင်ငံသား ၃၀၀ ကျော်ကို နိုင်ငံကို ပြန်ခေါ်သွားပြီဖြစ်ပါတယ်။ အဲဒီထဲက တစ်ဒါဇင်ကျော်မှာ ဗိုင်းရပ်စ်ပိုးရှိကြောင်း၊ ပြန်ခေါ်လာတဲ့သူအားလုံးကို နောက်ထပ် ၁၄ ရက် အမေရိကန်နိုင်ငံမှာ သီးခြားနေရမယ်ဖြစ်ပါတယ်။

 

47869

 

ကနေဒါနိုင်ငံသား ၂၅၆ ဦးထဲမှ ၃၂ ဦးမှာလည်း ဗိုင်းရပ်စ်ပိုးရှိကြောင်းသိရပေမယ့် ဘယ်လိုမျိုးလုပ်ဆောင် သွားမယ် ဆိုတာကို ပြောကြားခြင်းမရှိပါဘူး။ ဗိုင်းရပ်စ်ပိုးကူးစက်ခံနေသူ ၄၅၄ ဦးကို ကုသပေးရန် ဒေသတွင်း ဆေးရုံတွေကို ရွှေ့ပြောင်းပေးပြီး ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံကို သွားလာခြင်းမရှိဘဲ ဂျပန်နိုင်ငံမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇၇ ဦးရှိရာ အများစုဟာ နိုင်ငံတွင်းမှာဘဲ ကူးစက်ခံရသူဖြစ်ပါတယ်။  မနေ့က ကျင်းပဖို့ရှိတဲ့ အပျော်တမ်း တိုကျိုမာရသွန် ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ လူပေါင်း ၃၈,၀၀၀ ဦးလောက် ပါဝင်ဖို့ရှိနေပါတယ်။ အခုကျင်းပမယ့်ပွဲမှာတော့ နာမည်ကြီး အားကစားသမားတွေသာ ပါဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရင် နာရူဟီတိုရဲ့မွေးနေ့ပွဲ အခမ်းအနားပွဲကိုလည်း ဗိုင်းရပ်စ်ကို ကြောက်တဲ့အတွက် ဖျက်သိမ်းထားပါတယ်။

 

MDN

ကိုးကား- AFP