နေပြည်တော် ၁၈ ဖေဖော်ဝါရီ 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တောင်ပလောင်ကျေးရွာနေ ဒေါ်ချဲမိ(၆၀)နှစ်၏ နေအိမ်၌ ဖေဖော်ဝါရီ ၁၆ ရက် ည ၉ နာရီ ၅၅ မိနစ်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ ပျဉ်ခင်း/ ကာ နေအိမ် ၁ လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုသည် ည ၁၁ နာရီတွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် ဒေါ်ချဲမိနှင့် ၎င်း၏မြေးဖြစ်သူ မနန်းပိုက်ခလိန်း (၇)နှစ်တို့ ၂ ဦးမှာ မီးလောင်သေဆုံးခဲ့ကြောင်း၊ ဒေါ်ချဲမိအား ပိုင်ကျုံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ 

ရဲပြန်ကြား