အလက်ပို ၁၉ ဖေဖော်ဝါရီ
ဆီးရီးယားအတိုက်အခံအုပ်စုများ အခိုင်အမာတပ်စွဲထားရာ နိုင်ငံအနောက် မြောက်ပိုင်းဒေသများသို့ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဆီးရီးယားသမ္မတ ဘတ်ရှာ အယ်အာဆတ် က ပြောကြားခဲ့သည်။ ပြည်သူများ အတိဒုက္ခရောက်မှုအပေါ် စိုးရိမ်မှုများမြင့်တက်နေစဉ် ယခုလို ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အီဒလစ်နှင့် အလက်ပိုမြို့တို့ လွတ်မြောက်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဆင်နွှဲသွားမည်ဟု အာဆတ်က ရုပ်မြင်သံကြားမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့သည်။ အီဒလစ် သည် ဆီးရီးယား အတိုက်အခံများ နောက်ဆုံးတပ်စွဲထားရာ နေရာဖြစ်ပြီး ရုရှားက ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယား အစိုးရတပ်များ သည် ယင်းဒေသကို ပြန်လည် သိမ်းပိုက်နိုင်ရေး အပြင်းအထန် တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။ အီဒလစ်တွင် ဆီးရီးယား အစိုးရတပ်များနှင့် တူရကီတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါဒေသရှိ အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ လူပေါင်း ၉၀၀၀၀ဝ မှာ နေရပ်စွန့်ခွာထွက်ပြေးရသည်ဟု ကုလသမဂ္ဂကပြောသည်။ နေရပ်စွန့်ခွာထွက်ပြေးရသည့် လူအများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြကြောင်း ကုလသမဂ္ဂက ပြောသည်။
အင်န်အိတ်ချ်ကေ


