မြိတ် ၁၉  ဖေဖော်ဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်ကွက်၊ ငွေပုလဲ ၅ လမ်း၌ ယနေ့နံနက် ၁၀ နာရီခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနှင့်တိရိစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။

 

69

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီအချိန်ခန့်က ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်ကွက် ၅ လမ်းရှိ ဒေါ်ရှင်ဟုန်(၄၄)နှစ် ပိုင်ဆိုင်သည်နေအိမ် အလျားပေ(၂၀)၊ အနံ ပေ(၃၀) ရှိ ဓနိမိုး၊ ထရံကာ ၊ပျဉ်ခင်း နေအိမ်အနောက်ဘက် မီးဖိုးမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သို့မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့  မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းနှင့် သန္ဓမေီးသတ်တပ်ဖွဲ့ဝင် (၃၆) ဦး ၊အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၀) ဦး၊ ဒေသခံပြည်သူများက မီးငြှိမ်းသတ်ယာဉ် (၇ )စီး၊ ရေသယ်ယာဉ် (၆) စီး၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး ၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ လူမှုရေးအသင်းများမှ လူနာတင်ယာဉ်(၅)စီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

586

 

မီးလောင်မှုနှင့်ပတ်သက်ပြီး ဒေါ်ရှင်ဟုန်အား အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)