ကဘူးလ် ၂၀ ဖေဖော်ဝါရီ 

ပြီးခဲ့သည့်ငါးလခန့်အကြာက ကျင်းပခဲ့သော အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့မှုအတွင်း အာဖဂန် သမ္မတ အက်ရှရက်ဖ်ဂါနီ ဒုတိယအကြိမ် ပြန်လည် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်က အဆိုပါရလဒ်ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သမ္မတဂါနီ သည် အနိုင်ရရှိရန်လိုအပ်သည့် မဲရလဒ်၏ ၅ဝ ဒသမ ၆၄ ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောကြား ခဲ့သည်။ သမ္မတဂါနီက သမ္မတ နန်းတော်၌ မိန့်ခွန်းပြောကြားခဲ့ပြီး အာဖဂန်ပြည်သူများ၏ အခွင့်အရေး များကို အစဉ်အမြဲ အကာအကွယ်ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံ၏ အမှုဆောင်ချုပ်ဖြစ်သည့် အဗ္ဗဒူလာ အဗ္ဗဒူလာမှာ မဲရလဒ်၏ ၃၉ဒသမ ၅၂ ရာခိုင်နှုန်းဖြင့် ဒုတိယ အများဆုံးဖြစ်ခဲ့သည်။ အာဖဂန် ရွေးကောက်ပွဲကို ပြီးခဲ့သည့်စက်တင် ဘာ ၂၈ ရက်ကကျင်းပခဲ့ခြင်းဖြစ်ပြီး ရလဒ်များကို နိုဝင်ဘာလတွင် ထုတ်ပြန်မည်ဟု ခန့်မှန်းထားခဲ့သည်။ သို့ရာတွင် အငြင်းပွားဖွယ် မဲပေးစနစ် ကြောင့် မဲရလဒ်များ ပြန်လည်ရေတွက်ရန် မဖြစ်မနေ လိုအပ်လာသည့်အတွက် နောက်ဆုံးရလဒ်များကို ထုတ်ပြန်ရန် နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်ခဲ့သည်။

အေအက်ဖ်ပီ