ဆိပ်ဖြူ ၂၀  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်တွင် ယ‌နေ့ နံနက်  ဝ၀  နာရီ ၂၂ မိနစ်က ပုဂ္ဂလိက သစ်စက်တစ်ခုမှ သစ်အခြောက်ခံစက်အဆောက်အဦးတွင် လျှပ်စစ်ဝါယာ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ဦးကျော်ထက်စိုး ပိုင်ဆိုင်သည့် ပုဂ္ဂလိက သစ်စက်ဝန်းမှ သစ်အခြောက်ခံစက် ဂျင်နရေတာမှ အပူလွန်ကဲ၍   အလျား ၉ ပေ× အနံ ၆ပေ သွမ်းမိုးသွပ်ကာ အဆောက်အဦးသည်   ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ဝ၀  နာရီ ၂၂ မိနစ်အချိန် မီးလောင်မှုဖြစ်ပွားနေကြောင်း ဒေသခံပြည်သူတစ်ဦးမှ ဖုန်းသတင်းပေးခြင်းကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်ဇော်လင်း၊ မြို့မမီးသတ်စခန်းမှူး ဦးဖြိုးဝေအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီးဖြင့် သွားရောက်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူအများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့သည်။

 

မီးလောင်မှုကြောင့် ဘေးနေအိမ် အဆောက်အဦးများ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ နံနက် ဝ၀ နာရီ ၂၈ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း နှင့် မီးလောင်မှုဖြစ်စဉ်ကြောင့် ဦးကျော်ထက်စိုးအား ဆိပ်ဖြူမြို့မ ရဲစခန်းမှ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

 

စိုးလင်းနိုင်(IPRD)