၂၀ ဖေဖော်ဝါရီ

အာဖဂန်နစ္စတန်နိုင်ငံက အသက်၁၉ နှစ်အရွယ် မသန်စွမ်း ပန်းချီဆရာမ ရိုဘာဘာ မိုဟာမက်ဒီဟာ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်သူဖြစ်ပါတယ်။ 

 

26

 

ပန်းချီဆရာမ ရိုဘာဘာဟာ မွေးရာပါ လက်နှစ်ဘက်ကို အသုံးမပြုနိုင်သလို လမ်းမလျှောက်နိုင်သူဖြစ်ပြီး  ကျောင်းတက်ခွင့်ပါ ငြင်းပယ်ခံခဲ့ရသူဖြစ်ပါတယ်။  ဒါပေမယ့် ရိုဘာဘာက ပန်းချီဆွဲရန် သူမရဲ့ ပါးစပ်ကို အသုံးပြုပြီး အရောင်အသွေးစုံတဲ့ ပန်းချီကားတွေကို ဖန်တီးနေသူဖြစ်ပါတယ်။ 

 

27

 

အခုချိန်မှာတော့ ရိုဘာဘာရဲ့ ပန်းချီကားတွေဟာ နိုင်ငံတကာမှာ ပြပွဲတွေ လုပ်နေသလို ရောင်းချနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုဘာဘာက အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့မှာ မသန်စွမ်းများအတွက် ပန်းချီသင်တန်းဖွင့်ပြီး သင်ကြားပေးနေပြီဖြစ်ပါတယ်။ 

 

28

 

ပန်းချီဆရာမ ရိုဘာဘာက သူရဲ့ အိမ်မက်ဟာ ကိုယ်ပိုင်ပန်းချီပြခန်းတစ်ခုနဲ့ သူလိုမသန်စွမ်းတွေအတွက် ပန်းချီသင်တန်း ဖွင့်ပေးချင်တာဖြစ်ပါတယ်။ အဲဒီအိမ်မက်ဟာ မိသားစုရဲ့ ကူညီမှုနဲ့ဖြစ်လာပြီး ပန်းချီသင်တန်းမှာ သင်တန်းသား ၄၀ လောက်ရှိနေပြီဖြစ်ပါတယ်။ သင်တန်းက အခုမှ စခါစဖြစ်ပြီး အားလုံးအတွက် အသစ်ဖြစ်နေဆဲဖြစ်ပါတယ်။ 

 

29

 

ရိုဘာဘာအတွက် ပန်းချီဆွဲရန် အစကနေ စခဲ့ရတဲ့အတွက် အခက်အခဲတွေကို ရင်ဆိုင်ခဲ့ပြီးမှ အခုအခြေအနေကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

အာဖန်နိုင်ငံဟာ ကမ္ဘာမှာ အမျိုးသမီးတွေအတွက် အဆိုးရွားဆုံးဖြစ်တဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အခုချိန်ထိလည်း မသန်စွမ်းအမျိုးသမီးတွေဟာ လူမြင်ကွင်း နောက်ကွယ်မှာဘဲ နေရလေ့ရှိပါတယ်။ မသန်စွမ်းအမျိုးသမီးများဟာ အိမ်ထွက်ခွာခွင့် ရသူများမဟုတ်ကြပါဘူး။ ရိုဘာဘာရဲ့ လွှတ်လွှတ်လပ်လပ် နေထိုင်မှုအပေါ်မှာ ဝေဖန်သူအများအပြားလည်းရှိကြောင်း ပြောပါတယ်။ 

MDN
ကိုးကားAFP