၂၀ ဖေဖော်ဝါရီ

 

လာအိုနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးအကြောင်း ဒီကနေ့ (ကြာသပတေးနေ့) မှာ စတင် ဆွေးနွေးနေပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒေသတွင်းက ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေမှာ အကျိုးသက်ရောက်မှုတွေကိုပါ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးက အခုဆွေးနွေးပွဲဟာ အကောင်းအဆိုးတွေဖြစ်နေချိန်မှာ တစ်ဦးနဲ့တစ်ဦး ဖေးမကြတဲ့သဘောဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၀၃ ခုနှစ်ကလည်း ဆားစ်ရောဂါ ပျံ့ပွားချိန်မှာ အလားတူ ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

 

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၂၁၂၈ ဦး သေဆုံးရာ အများစုမှာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။

 

ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေက တရုတ်နိုင်ငံကနေ ပျံသန်းလာမယ့်လေယာဉ်တွေကို တားမြစ်ထားသလို ဗီဇာကင်းလွှတ်ခွင့်ကို ရပ်ဆိုင်းထားတာမျိုးအထိ တားမြစ်မှုတွေ လုပ်ဆောင်နေပါတယ်။

 

ထိုင်းနိုင်ငံကတော့ တားမြစ်မှုတစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိပေမယ့် တရုတ်နိုင်ငံကနေ လာရောက် လည်ပတ်သူ ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းတဲ့အတွက် နှစ်ကုန်ပိုင်း ခရီးသွားလုပ်ငန်းရဲ့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော် ဆုံးရှုံးကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP