၂၁ ဖေဖော်ဝါရီ
အီရန်နိုင်ငံမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးကြောင့် နှစ်ဦး သေဆုံးပြီး သုံးဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ပြောဆိုပါတယ်။ သေဆုံးသူနှစ်ဦးဟာ အသက်အရွယ်ကြီးတဲ့ အမျိုးသားများဖြစ်ကြောင်း သိရပါတယ်။
သေဆုံးသူနှစ်ဦးဟာ အီရန်နိုင်ငံသားများဖြစ်ပြီး ကွမ်းမြို့နေထိုင်သူများဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ပထမဦးတွေ့ရတဲ့ ကိုဗစ်19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများဖြစ်ပါတယ်။
ကွမ်းမြို့ဟာ အစ္စလာမ်ဘာသာ လေ့လာသူများနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့မြို့ဖြစ်ပါတယ်။ အခုသေဆုံးသူများဟာ အီရန်နိုင်ငံကနေ အပြင်ကို ခရီးထွက်သူများမဟုတ်ကြောင်း သိရပါတယ်။ အီရန်အစိုးရက အိမ်နီးချင်း အီရတ်နိုင်ငံမှ ဝင်ရောက်ခွင့်မရှိအောင် တားမြစ်ထားပြီး အီရတ်နိုင်ငံကို ထွက်ခွာမယ့်သူများသာ ခွင့်ပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှာ ပြောပါတယ်။
အီရတ်နိုင်ငံကလည်း အိမ်နီးချင်းနိုင်ငံနဲ့ အကူးအလူး မရှိအောင် တားမြစ်ထားပြီး ဖြစ်ပါတယ်။ အီရတ်လေဆိပ်မှာ ဝင်ရောက်လာတဲ့ ခရီးသည်တွေကို အပူချိန် တိုင်းတာခြင်းများ လုပ်ဆောင်နေသလို အီရတ်လေကြောင်းလိုင်းက အီရန်နိုင်ငံကို ပျံသန်းမယ့်ခရီးစဉ်တွေကိုယာယီ ရပ်ဆိုင်းထားပါတယ်။
MDN
ကိုးကား - AFP


