၂၁ ဖေဖော်ဝါရီ
တရုတ်နိုင်ငံတစ်ဝန်းက အကျဉ်းထောင်များတွင် ကိုဗစ်19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အယောက် ၅၀၀ ကျော် ရှိကြောင်း တာဝန်ရှိသူတွေက ဒီနေ့ (သောကြာနေ့) မှာ ပြောကြားပါတယ်။

ကိုဗစ်19 ဗိုင်းရပ်စ်ပိုး စတင်ပြန့်ပွားရာ ဝူဟန်မြို့ရှိ အမျိုးသမီးအကျဉ်းထောင်မှာ အကျဉ်းသူ ၂၇၁ ဦး၊ ရှာယန်း ဒေသရှိ အကျဉ်းထောင်တွင် ၄၂ ဦး၊ ရန်ချန်းအကျဉ်းထောင်တွင် အကျဉ်းထောင်ဝန်ထမ်း ၇ ဦး နဲ့ အကျဉ်းသား ၂၀၀ တို့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ထုတ်ဖော်ပြောကြားပါတယ်။
ကိုဗစ်19 ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိရာ ဟူဘေပြည်နယ်မှာ ဒီနေ့(သောကြာနေ့)တွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အသစ် ၆၃၁ ဦး ရှိရာ စုစုပေါင်း ၇၅,၆၈၅ဦး ရှိလာပြီဖြစ်ပါတယ်။
MDN
ကိုးကား - AFP


