နေပြည်တော် ၂၁ ဖေဖော်ဝါရီ
မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲက ဖောင်းပြင်မြို့နယ်၊ မှန်ပင်ကျေးရွာအုပ်စု၊ ဟော်ဇောင်းကျေးရွာအနီးတွင် ကျော်ဇင်လင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ် သိန်း ၁၇၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ သုည ဒသမ ၇၇ ကီလို သိမ်းဆည်း ရမိသည်။
အလားတူ ပူးပေါင်းအဖွဲ့သည် ၎င်းနေရာတွင် ညီညီဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေခဲ့ရာ ဘိန်းဖြူ သုည ဒသမ ၉၉ ကီလို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
အလားတူ ယင်းနေ့ နံနက် ၇ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ ဟက်ကွီဆည်အနီး လမ်းပေါ်၌ စစ်ဆေးရေးပြုလုပ်နေစဉ် စစ်ဆေးသည့်နေရာနှင့် ကိုက် ၂၀၀ ခန့်အကွာတွင် မော်တော်ဆိုင်ကယ်တစ်စီးမှာ နောက်ပြန်လှည့်ပြေးသွားပြီး ၎င်း ဆိုင်ကယ်ပေါ်မှ အထုပ်တစ်ထုပ် ပြုတ်ကျခဲ့သဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းစိမ်း ၁၂ ကီလိုကိုလည်းကောင်း၊
ထို့အတူ ယင်းနေ့ ည ၉ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင် ကျေးရွာအနီး၊ နမ့်စန်-မိုးနဲသွားကားလမ်းတွင် စိုင်းစံသိန်း မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဆေးခြောက် ၈၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)


