ကနီ ၂၂ ဖေဖေါ်ဝါရီ
ဖေဖော်ဝါရီ (၂၂)ရက် မြန်မာစံတော်ချိန် (၀၁) နာရီ၊ (၅၆) မိနစ် တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၆၆) မိုင် ခန့်ကွာဝေးသော ကနီမြို့၏ မြောက်-အရှေ့မြောက်ဘက် (၂) မိုင်ခန့်အကွာတွင် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၂.၄၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၆) ဒီဂရီ၊ အနက် (၁၁) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၆) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
MDN


