နေပြည်တော် ၂၂ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက် ၄ လွှာ၊ အမှတ်(၃၇၁)နေ စိတ်မူမမှန်သူ ဦးစိုးဝင်း (၅၈)နှစ်သည် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က ၎င်းတိုက်ခန်းအတွင်း ရေကန်ဘောင်ပေါ်တွင် လည်ပင်း/ ဝဲရင်အုံ/ ဝမ်းဗိုက်/ ပေါက်ပြဲ/ ထိုးသွင်း/ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးကြောင်း သိရှိရသည်။
သတင်းအရ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၎င်းအနီးတွင် သွေးစွန်းနေသော အရိုးအသွား ၈ လက်မခန့် ဟင်းလှီးဓား ၂ ချောင်းအား တွေ့ရှိရပြီး ဦးစိုးဝင်းမှာ စိတ်မူမမှန်သူတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီက ဦးစိုးဝင်း၏ ဇနီး ဒေါ်မြင့်မြင့်ဌေးသည် နေအိမ်မှ အလုပ်သို့သွားရောက်ခဲ့ပြီး နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ခင်ပွန်းဦးစိုးဝင်းမှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ပြောပြသိရှိရသောကြောင့် တောင်ဥက္ကလာပမြို့မရဲစခန်းမှ သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
MDN
Source: ရဲပြန်ကြား


