၂၄ ဖေဖော်ဝါရီ
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ မြောက်ဘက် ၁၈ ကီလိုမီတာ အကွာရှိ လဟာပြင်ဈေးတွင် ယမန်နေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားသဖြင့် ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အချို့သော ထိခိုက်ဒဏ်ရာများသည် ကျည်ဆန်တွန်းအားကြောင့် ဖြစ်နိုင်ပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိသူ မရှိကြောင်း ဟာရစ်စီရင်စု ရဲအရာရှိ က တွစ်တာတွင် ရေးသားဖော်ပြထားသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင် အမျိုးသားတစ်ဦးကို ထိန်းသိမ်းထားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယင်းပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


