၂၅ ဖေဖော်ဝါရီ
ချန်ဒူး ဖေဖော်ဝါရီ ၂၄ ဂျပန်ကားကုမ္ပဏီဖြစ်သည့် တိုယိုတာ ကားကုမ္ပဏီသည် တရုတ်နိုင်ငံ ချန်ဒူးမြို့ရှိစက်ရုံကို ပြန်လည် လည်ပတ်နေပြီဟု သိရသည်။
အလုပ်သမားများအတွက် စိတ်ချရသည့် အဆောက်အအုံများ လုံလောက်မှုရှိသည့်အပြင် ကားအစိတ်အပိုင်းများ အတွက်လည်း ထောက်ပံ့ပေးမှု အလုံအလောက်ရှိသည့်အတွက် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြန်လည် လည်ပတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံတွင် တိုယိုတာကားများ ဒေသအတွင်း တပ်ဆင်သည့် စက်ရုံလေးရုံရှိရာ ချန်ဒူးမြို့မှာ တစ်မြို့အပါအဝင် ဖြစ်သည်။ တရုတ်နှစ်သစ် ကူးအားလပ်ရက်များအပြီးတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် စက်ရုံများ ပြန်ဖွင့်ရန် နောက်ဆုတ်နေခဲ့ရသည်။
ကွမ်ကျိုး၊ ချန်ချွင်းနှင့် တင်ရီမြို့တို့ရှိ စက်ရုံများတွင် ကားတပ်ဆင်မှုများကို လွန်ခဲ့သည့် သီတင်းပတ်မှ စတင်ကာ ပြန်လည် လည်ပတ်နေပြီ ဖြစ်သည်။
အင်န်အိတ်ချ်ကေ


