အိမ်မဲ ၂၅ ဖေဖော်ဝါရီ
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု ကျိုက်ပိကျေးရွာ လမ်းခွဲအနီး၌ ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၄နာရီ မိနစ် ၅၀ က ဟိုက်ဂျက် မော်တော်ယာဉ် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအား တာဝန်သိပြည်သူတစ်ဦးက ဖုန်းဖြင့်သတင်းပေးပို့ခဲ့သဖြင့် မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးဝေယံစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာသစ်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ယာဉ်နှင့်ယာဉ်ပေါ်ပါကုန်များဖြစ်သော ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ယာဉ်မောင်း ဦးစိုးနိုင်အား အိမ်မဲမြို့နယ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


