၂၅ ဖေဖော်ဝါရီ
အီဂျစ်နိုင်ငံတွင် ယမန်နေ့မနက်ပိုင်းက အချိန်အနည်းငယ်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တက္ကသိုလ်များ နှင့် စာသင်ကျောင်းများကို အင်္ဂါနေ့တွင် ယာယီပိတ်ထားမည် ဖြစ်ကြောင်း Ahram အွန်လိုင်း သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အီဂျစ်နိုင်ငံ နေရာတော်တော်များများတွင် အင်္ဂါနေ့မှာ မိုးသည်းထန်စွာ ရွာသွန်းဖွယ်ရှိသဖြင့် စာသင်ကျောင်းများ၊ တက္ကသိုလ်များ ခေတ္တပိတ်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်ဟု အီဂျစ်ဝန်ကြီးချုပ် မိုတာဖာ မက်ဘိုလီ က ပြောကြားခဲ့ကြောင်း ထိုဖော်ပြချက်အရ သိရသည်။
ထိုဝန်ကြီးချုပ်က လာမည့်အချိန်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းဖွယ်ရှိသဖြင့် ၎င်းအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဆက်သွယ်မည့် အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ရန် မေတ္တာရပ်ခံခဲ့သည်။
အီဂျစ်နိုင်ငံအနှံ့တွင် ယမန်နေ့မနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယာဉ်အသွားအလာ ထိခိုက်မှု ရှိခဲ့သည်။
အီဂျစ်မိုးလေဝသဆိုင်ရာ အာဏာပိုင်အဖွဲ့က အီဂျစ်နိုင်ငံ နေရာအများအပြားတွင် တနင်္ဂနွေနေ့မှစတင်ကာ သုံးရက်ကြာ ရာသီဉတု ပြောင်းလဲမှုဖြစ်ပေါ်မည်ဟု ယခုသီတင်းပတ်အစောပိုင်းက ကြိုတင်ခန့်မှန်းထားသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အပူချိန် ၄ မှ ၅ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားနိုင်သည်ဟု ထိုအဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


