၂၆ ဖေဖော်ဝါရီ
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ သုံးရက်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်းမှာ လူ ၂၀ သေဆုံးပြီးနောက် ကာဖျူးထုတ်ပြန်ထားကြောင်းသိရပါတယ်။
မြို့တော်နယူးဒေလီမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ပတ်သတ်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ အဲဒီဥပဒေကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြားက ပဋိပက္ခ အသွင်ပြောင်းလဲလာပြီး လူအုပ်နှစ်စုကြားမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
ပြည်နယ် ဝန်ကြီးချုပ်က စစ်တပ်ကို စေလွှတ်ပြီး ကာဖျူးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပြည်နယ် ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းပေမယ့် မအောင်မြင်တဲ့အတွက် စစ်တပ်ကို စေလွှတ်ပြီး ကာဖျူးထုတ်ခဲ့ရတာ ဖြစ်ကြောင်း ပြောပါတယ်။
ပဋိပက္ခအတွင်းမှာ သေဆုံးသူ ၂၀၊ ဒဏ်ရာရရှိသူ ၁၈၉ ဦး ထဲက ၆၀ လောက်ဟာ သေနတ်ဒဏ်ရာ ရရှိထားကြောင်း ဂူရု တပ် ဗဟာဒူး ဆေးရုံမှ တာဝန်ရှိသူ ဆန်နဲ ကူမားက ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကဒေလီမှာနေထိုင်တဲ့ ညီအကို မောင်နှမတွေကို မေတ္တာရပ်ခံချင်ပါတယ်။ ညီအကိုတွေလို ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြပါ။ ပုံမှန်အခြေအနေကို အလျင်အမြန် ပြန်လည် ဖော်ဆောင်ဖို့က အရေးတကြီး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
MDN
ကိုးကား - AFP


