၂၇ ဖေဖော်ဝါရီ

 

အမေရိကန်နှင့်တောင်ကိုရီးယား စစ်တပ်တာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိသဖြင့် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ရွှေ့ဆိုင်းထားသည်ဟု ဆိုသည်။

 

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းထားကြောင်းကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၂၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသည်ဟု ၎င်းစစ်တပ်က ဆိုသည်။

 

အမေရိကန်စစ်တပ်က တောင်ကိုရီးယားနိုင်ငံ တပ်စခန်းရှိ အမေရိကန်စစ်သားတစ်ဦးတွင် ထိုဗိုင်းရပ်စ်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို