၂၇ ဖေဖော်ဝါရီ
အိန္ဒိယနိုင်ငံ ဒေလီမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် သေဆုံးသူ ၃၃ ဦး ဖြစ်လာကြောင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောကြားပါတယ်။ လူပေါင်း ၂၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
လူဦးရေ သန်း ၂၀ နီးပါးနေထိုင်တဲ့ မြို့တော်အရှေ့မြောက်ပိုင်း အထိပါ ပျံ့နှံ့ခဲ့တဲ့အတွက် ထောင်ချီတဲ့ လုံထိန်းနဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေဟာ လှည့်လည်စစ်ဆေးနေကြပါတယ်။
အခုနောက်ဆုံး ပဋိပက္ခဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညပိုင်းက စတင်ခဲ့တာဖြစ်ပြီး အဲဒီနိုင်ငံသားဖြစ်ခွင့် ဥပဒေသစ် ကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြားက ပဋိပက္ခ အသွင်ပြောင်းလဲလာပြီး လူအုပ်နှစ်စုကြားမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ နိုင်ငံသားဥပဒေသစ်ဟာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုပြီး အငြင်းပွားမှုတွေနဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေဟာ ပြီးခဲ့ ဒီဇင်ဘာလကတည်းက ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။
လက်နက်ကိုင်ဆောင်ထားတဲ့ လူအုပ်စုတွေက မော်တော်ကားတွေနဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးသလို ဗလီနှစ်လုံး၊ စာသင်ကျောင်း နှစ်ကျောင်း ၊ တာယာရောင်းတဲ့ ဆိုင်တစ်ဆိုင် နဲ့ လောင်စာဆီဆိုင် တစ်ဆိုင်ကို မီးရှို့ခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်းမှာလည်း သေဆုံးသူ အနည်းဆုံး ၃၀ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP


