၂၈ ဖေဖော်ဝါရီ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ကွန်နာပြည်နယ်တွင် အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ် အဖွဲ့ဝင် စစ်သွေးကြွ ၃၉ ဦးသည် တိုက်ပွဲတွင် အရှုံးပေးပြီး အာဖဂန်လုံခြုံရေးတပ်ဖွဲ့များထံသို့ ယမန်နေ့က လက်နက်ချခဲ့ကြသည်ဟု ထိုပြည်နယ်အစိုးရ ထုတ်ပြန်ချက်တစ်ခုတွင် ယနေ့ ဖော်ပြထားသည်။
တပ်မှူး ရာကန် လက်အောက်ရှိ ယခင်စစ်သွေးကြွများသည် ကွန်နာပြည်နယ် ရှိ ဒေသများ၌ ပြီးခဲ့သည့်နှစ်အနည်းငယ်က အစိုးရဆန့်ကျင်းရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခဲ့ကြကြောင်း ထိုထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် လအနည်းငယ်က ကွန်နာပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်များတွင် စစ်ရေးဖိအားများတိုးမြှင့်လုပ်ဆောင်လာသဖြင့် ၎င်းအိုင်အက်စ်စစ်သွေးကြွများ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ကြသည်ဟု ယင်း ထုတ်ပြန်ချက်တွင်ဖော်ပြချက်အရ သိရသည်။
ကွန်နာပြည်နယ်နှင့် အနီးနားရှိ နာရစ်တန်နှင့်နာဂါဟာ ပြည်နယ်များရှိ အိုင်အက်စ်စစ်သွေးကြွများကမူ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


