နေပြည်တော် ၂၉ ဖေဖော်ဝါရီ


မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၉.၂.၂၀၂၀) ရက်နေ့တွင် ရေနည်းမည့်အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေး မြို့တွင် (၃၀၇) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် မတ်လ ပထမ(၁၀) ရက်ပတ် အတွင်း လက်ရှိရေမှတ်အထက် ပေဝက်ခန့် မြင့်တက်နိုင်သော်လည်း ယင်းမြို့၏ ရေနည်းသတိပေးမှတ်(၃၆၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မင်းဘူး မြို့တွင် (၄၀၅) စင်တီမီတာသို့ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် မတ်လ ပထမ(၁၀) ရက်ပတ် အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ်(၄၁၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မကွေးမြို့ တွင် (၃၉၇) စင်တီမီတာသို့ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် မတ်လ ပထမ(၁၀) ရက်ပတ် အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

Crd- မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန