၂ မတ်

နိုင်ဂျီးရီးယားအစိုးရသည် လာဆာရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ်တွင် သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီဖြစ်သဖြင့် ယမန်နေ့က ထိုရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးအနှံ့ စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခဲ့သည်။

 

l2

 

အထူးသဖြင့် မိလ္လာစနစ် ညံ့ဖျင်းသော နေရာများတွင် ထိုရောဂါပိုးများလွယ်ကူစွာ ပျံ့နှံ့နိုင်သဖြင့် နိုင်ဂျီးရီးယားနိုင်ငံသားများအနေဖြင့် ၎င်းတို့၏နေအိမ်များကို  ရောဂါပိုးသယ်ဆောင်သော ကြွက်များနှင့် အခြားကိုက်ဖြတ်တတ်သော သတ္တဝါများ၏ဘေးရန်မှ ကာကွယ်ကြရန် နိုင်ဂျီးရီးယား ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးမိုဟာမက်အဘူဘာကာ က တိုက်တွန်းပြောကြားခဲ့သည်။

 

နိုင်ဂျီးရီးယားနိုင်ငံ၏ ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားခြင်းသည် ထိုရောဂါကိုကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်း ဖြစ်သောကြောင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စနစ်တကျလုပ်ဆောင်ရမည်ဟု ၎င်းဝန်ကြီးက ဆိုသည်။

 

l3

 

ထိုတိရစ္ဆာန်များ၏ ကျင်ကြီးကျင်ငယ်များမှတစ်ဆင့် ညစ်ညမ်းသော အိမ်သုံးပစ္စည်းများနှင့် အစားအစာတို့ ထိတွေ့စားသောက်မိကာ လူသားများအား လာဆာဗိုင်းရပ်စ်ကူးစက်ခဲ့သည်။အဆိုပါ လာဆာဗိုင်းရပ်စ်သည် အထူးစိုးရိမ်ဖွယ်ရာ အဆင့်ရှိသော သွေးထွက်လွန်လာဆာအဖျားရောဂါကို ဖြစ်ပွားစေသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင်ချို