၂ မတ်
မြောက်ကိုရီးယား ဒုံးကျည်နှစ်စင်း ဂျပန်ပင်လယ်ပြင်သို့ ယနေ့ ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်၏ ပူးတွဲစစ်ဦးစီးချုပ်များက ဆိုသည်။
အဆိုပါ ဒုံးကျည်များကို ဝူဆန်မြို့ အရှေ့ပိုင်းအနီးမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။သတင်းအချက်အလက်များ ပိုမိုရရှိနိုင်ရန် တောင်ကိုရီးယားစစ်တပ်သည် အမေရိကန်စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည်။
မြောက်ကိုရီးယားသည် ယနေ့ မွန်းတည့်ပြီးမကြာမီ ဒုံးကျည်များကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်အစိုးရက ဆိုသည်။
အမြောက်တပ် စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း စစ်ဆေးပြီးနောက် သုံးရက်အကြာတွင် ယင်းသို့ ဒုံးကျည်ပစ်လွှတ်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား၏ ယခုဒုံးကျည်ပစ်လွှတ်မှုသည် ပြီးခဲ့သည့်နိုဝင်ဘာလက ဒုံးကျည်ပစ်လွှတ်မှု ပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံး ပစ်လွှတ်မှု ဖြစ်သည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်က တာတိုပစ်ဒုံးကျည်များ ပစ်လွှတ်မှုအပါအဝင် ဒုံးကျည်ပစ်လွှတ်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


