ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဂျပန်နိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းနှစ်ခုသည် လေယာဉ်ခရီးစဉ်များ ပြေးဆွဲခြင်းကို ဖျက်သိမ်းမည်ဖြစ်ပြီး ဖျက်သိမ်းလိုက်သည့် လက်မှတ်အားလုံးအတွက် လက်မှတ်ခများကို ပြန်အမ်းမည်ဖြစ်သည်။
ခရီးသည် အသွားအလာကျဆင်းလာသည့်နှင့်အမျှ လေကြောင်းလိုင်းများဖြစ်သည့် နီပွန်အဲဝေး လေကြောင်းလိုင်းနှင့် ဂျပန်လေကြောင်းတို့က ခရီးစဉ်များ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ခရီးသွားလာခြင်းနှင့် အရေးပါသည့် အခမ်းအနားများကို ရွေ့ဆိုင်းရန် လူများကို အစိုးရမှ တောင်းဆိုပြီးနောက် လေကြောင်းလိုင်းများမှ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၁၉ ရက်နေ့အထိ စီစဉ်ထားသည့် ပြည်တွင်းနှင့် ပြည်ပခရီးစဉ်များအားလုံးကို ပြန်အမ်းငွေများ ပြန်ပေးမည်ဖြစ်သည်။
တရုတ်နိုင်ငံသို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်များအတွက် ပိတ်ပင်ထားသည့်ကာလကို တိုးချဲ့ထားမည်ဖြစ်သည်။
JALလေကြောင်းအနေဖြင့် ခရီးစဉ်များကို ဧပြီလ ၂၀ ရက်နေ့အထိ ပယ်ဖျက်မည်ဖြစ်သည်။
ANA လေကြောင်းလိုင်းက ဧပြီ ၃၀ ရက် နောက်ပိုင်းမှ လက်ခံမည်ဖြစ်သည်။
ပြည်တွင်းခရီးစဉ်များအတွက် ပြီးခဲ့သည့်အပတ်ကစပြီး လေကြောင်းလိုင်းနှစ်ခုက အခမဲ့ ဖျက်သိမ်းခြင်း မူဝါဒကို ကြေငြာခဲ့ခြင်းဖြစ်သည်။
ဖောက်သည်များ၏ တောင်းဆိုမှုကို တုံ့ပြန်ရန်အတွက် ၎င်းလေကြောင်းလိုင်းများသည် အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲခဲ့ခြင်းဖြစ်သည်။
ပြန်အမ်းငွေများကို ကုမ္ပဏီဝက်ဘ်ဆိုက်များ၊ လေဆိပ်ကောင်တာများနှင့် ဖုန်းများမှတစ်ဆင့် ရယူနိုင်သည်ဟု ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


